CDM ဆရာမနေအိမ်အား ဖျက်ဆီးရန် ဦးဆောင်ခေါ်လာသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊၂၇ရက်

မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာရှိ CDMဆရာမတစ်ဦး၏ နေအိမ်အား ဝင်ရောက်ဖျက်ဆီးရန်အတွက် စစ်ကောင်စီတပ်သားများကို ဦးဆောင်ခေါ်လာသူတစ်ဦးဖြစ်တဲ့ ပျူစောထီး သင်တန်းဆင်း ဇော်မိုးလွင် အသက်၄၃နှစ်ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ မနက်၆နာရီတွင် ဗိုလ်စနေအဖွဲ့က နေအိမ်၌ သွားရောက်ဖမ်းဆီးကာ ဓားဖြင့် ရှင်းလင်းပြီး ချင်းတွင်းမြစ်ထဲသို့ ငါးစာကြွေးခဲ့ကြောင်း ဗိုလ်စနေ အဖွဲ့၏ ပြောပြချက်အရ သိရှိရပါသည်။

"‌ဇော်မိုးလွင်က တောပုကျေးရွာကနေ ပျူစောထီးသင်တန်း ဆင်းထားပြီး ရပ်ရွာက သတင်းတွေကို ပျူအဖွဲ့ဆီ ပြန်ပို့တယ်၊ဖေဖော်ဝါရီလ ၂၆ရက်နေ့ CDMဆရာမတစ်ဦး အိမ်ဖျတ်ဆီးခံရတာက သူသတင်းပေးတာ ဖြစ်တာဖြစ်တယ်"လို့ ဗိုလ်စနေအဖွဲ့က ယခုလိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့ မနက်ခင်းပိုင်းတွင် ကားကြီး၃စီး စစ်ကောင်စီတပ်သား အင်အားအများအပြားဖြင့် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာ CDM ဆရာမ တစ်ဦး၏နေအိမ်ရှိ အိမ်တွင်းပစ္စည်းများ ဖျတ်ဆီးကာ ပစ္စည်းအချို့ကို စစ်ကောင်စီတပ်သားများက ယူဆောင်သွားခဲ့ပါသည်။ အဆိုပါဖြစ်ရပ်တွင် ဒေသခံရွာသားနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ လမ်းပြအဖြစ်အယောင်ဆောင်ဖမ်းဆီးကာ ခေါ်ဆောင်ခဲ့ပြီး ထိုဖမ်းဆီးခံရသူနှစ်ဦးထဲတွင် ‌ဇော်မိုးလွင်ဆိုသူပါဝင်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးခံရတာဟာ အယောင်ပြတာဖြစ်တယ်လို့ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စစ်ကောင်စီတပ်သားများ CDMဆရာမအိမ်ကို ဖျတ်စီးပြီးအပြန် ညောင်ပင်ဇောက်ကျောက်ပေါက်တွင် မုံရွာအမြင့်လမ်း မဟာမိတ်ညီနောင်၅ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်တာကိုလည်း ခံခဲ့ရပါတယ်။မိုင်းဆွဲခံရအပြီး ကျောက်ပေါက်အနီးက တဲအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားကာ အရက်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင် ဦးလွင်ဆိုသူကိုလည်း ၄င်းဆိုင်အနီး မိုင်းလာထောင်တာ မသိရမလားဟုဆိုကာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါ​သေးတယ်။

သတင်း-စွမ်းလင်းထက်

မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

CDM ဆရာမနေအိမ်အား ဖျက်ဆီးရန် ဦးဆောင်ခေါ်လာသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ CDM ဆရာမနေအိမ်အား ဖျက်ဆီးရန် ဦးဆောင်ခေါ်လာသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 02:38 Rating: 5

No comments:

Powered by Blogger.