CDM ဆရာမအိမ်ဖျက်ဆီးပြန်သွား​သောစစ်​ကောင်စီတပ် လမ်းတွင်မိုင်းဆွဲခံရ

(CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ဖျက်ဆီးထားစဥ်။ ဓါတ်ပုံ-မုံရွာ၊အမြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့  )

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် CDM ဆရာမတစ်ဦး၏နေအိမ်အား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက်ညီနောက်မဟာမိတ်၅ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယ​နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်ပိုင်းကမုံရွာ-အမြင့်လမ်းသို့ကားကြီး(၃)စီး အင်အား(၅၀) ခန့်ဖြင့်ရောက်လာ​ကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် CDMဆရာမတစ်ဦး၏ နေအိမ်အားဝင်ရောက်ဖျတ်ဆီးပြီး ခြိမ်းခြောက်စာများရေးခဲ့ကာ အပြန်တွင် ညောင်ပင်ဇောက်ကျောက်ပေါက်လမ်း၌ ​ဒေသခံပြည်သူ့ကာကွယ်​ရေးညီနောင်မဟာမိတ်(၅)ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ ဦးခန့် မိုင်းများထိမှန်မှုရှိခဲ့ပြီး အသေအပျောက်စာရင်း ကိုမူမသိရှိခဲ့ရကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

 ဗန္ဓုလနှင့်အဖွဲ့သားများ ၊Monywa Lighting PDF ၊ Monywa PEREGRINE PDF ၊ Monywa Black Eagle PDF နှင့် Chaung U Local Defence Force မှ ညီနောင်မဟာမိတ်ပြောက်ကျား အဖွဲ့(၅)ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပါရှိသည်။

ရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ရိုက်ခွဲ ဖျတ်ဆီးသွားပြီး အုတ်တံတိုင်းနှင့် အိမ်နံရံများတွင် ခြိမ်းခြောက်သည့်စာများ ရေးသွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် CDM ဆရာမ၏နေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ်ဝင်းတွင် "လွတ်အောင် ပြေးထား"ဆိုသည့်ခြိမ်းခြောက်စာသားများအပြင် အခြားရိုင်းစိုင်းသည့် စာသားများကိုလည်းရေးသားသွားခဲ့သည်။ အိမ်တွင်းပစ္စည်းများအားလုံး ရိုက်ခွဲဖျတ်ဆီးသွားခဲ့ပြီး ရေခဲသေတ္တာတစ်လုံး နှင့် TVအကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း၊စစ်ကောင်စီတပ်များသည် အပြန်လမ်းတွင်လည်း ညောင်ပင်ဇောက်ကျောက်ပေါက်အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှို့သွားပြီး ကျောက်ပေါက်အနီး ဘုံဆိုင်မှ ဆိုင်ရှင်အား ဖမ်းခေါ်သွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။


People's Spring 

CDM ဆရာမအိမ်ဖျက်ဆီးပြန်သွား​သောစစ်​ကောင်စီတပ် လမ်းတွင်မိုင်းဆွဲခံရ CDM ဆရာမအိမ်ဖျက်ဆီးပြန်သွား​သောစစ်​ကောင်စီတပ် လမ်းတွင်မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.