ယောဒေသမှ ဝန်ထမ်များ CDM လုပ်လျှင် ဝန်ခံကတိကြိုပေးမှသာ လက်ခံတော့မည်

Photo : CJ

ဂန့်ဂေါ၊ ဖေဖော်ဝါရီ (၁၄)

စစ်ကောင်စီလက်အောက်မှ နုတ်ထွက်မည့် ဝန်ထန်းများအနေဖြင့် ဝန်ခံကတိ ကြိုတင်ပေးပို့မှသာ စိစစ်လက်ခံသွားတော့မည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက အသိပေးကြေညာလိုက်သည်။

ကတိဝန်ခံချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာခံမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီကို သွယ်ဝိုက်၍ သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ကူညီခြင်း၊ တာဝန်ထမ်းဆောင်ခြင်းများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ပါရှိသည်။

ထို့ပြင် ဝန်ခံကတိပါအချက်အလက်များကို ချိူးဖောက်ပါက ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းအရ အရေးယူခြင်းကို ခံရမည်ဆိုသည့် အချက်လည်း ပါဝင်သည်။

မကွေးတိုင်း၊ ယောဒေသ၏မြို့တော် ဂန့်ဂေါမြို့နယ်သည်  PDF အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ထိုးစစ်ကိုခံနေရသည့် ဒေသတစ်ခုဖြစ်သည်။

အဆိုပါဒေသတွင် CDM ဝင်ရောက်လာသူများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မီးဖွားစရိတ်မှအစ ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။


Lu Nge Khit


ယောဒေသမှ ဝန်ထမ်များ CDM လုပ်လျှင် ဝန်ခံကတိကြိုပေးမှသာ လက်ခံတော့မည် ယောဒေသမှ ဝန်ထမ်များ CDM လုပ်လျှင် ဝန်ခံကတိကြိုပေးမှသာ လက်ခံတော့မည် Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.