မကွေးတိုင်းအတွင်းမှရဲတပ်သားနှစ်ဦး CDM ပြုလုပ်ကာ YDF (ဆော ၊ ကျောက်ထု) တွင်ခိုလှုံလာခဲ့ကြောင်းယောဒေသကာကွယ်ရေးတပ် YDFက ယနေ့ (ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။
CDM ရဲတပ်သားနှစ်ဦးသည် ဖေဖော်ဝါရီလ (၁) ရက်တွင် တာဝန်မှရပ်နားပြီးနောက်ပြည်သူ့ရင်ခွင်သို့ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ရဲတပ်သားနှစ်ဦးအား နွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားပြီး ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်ဟု YDFကအသိပေးသည်။
နောက်နောင်တွင် စစ်လက်နှက်အပြည့်အစုံ(Full Equipment) နှင့်တကွ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကိုပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း YDF (Saw&Kyaukhtu) အဖွဲ့က ထုတ်ပြန်သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ လအထိ CDM ပြုလုပ်၍ ပြည်သူနှင့်ပူးပေါင်းလာသောရဲနှင့် စစ် သားများမှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တစ်သောင်းကျော် ရှိပြီဖြစ်သည်။
People's Spring
No comments:
Post a Comment