ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီထောက်တိုင် ဝန်ထမ်းများ CDM မလုပ်ပါက ဒလန်အဖြစ် သတ်မှတ်ကာ အပြစ်ပေးအရေး ယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၇) ဖွဲ့က ပူးပေါင်းပြီး ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ရေလယ်ကျွန်းဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် MG6 ပြောက်ကျားတပ်၊ YSO No1 ပြောက်ကျား တပ်၊ YLK ပြောက်ကျားတပ်၊ ဘီလုံး ပြောက်ကျားတပ်၊ ဒေါင်းညီနောင် PDF၊ YLK New Power Local PDF၊ နဂါး နီပြောက်ကျားတပ်တို့က မဟာမိတ်ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် လုပ်ဆောင်နေသော Non CDM များသည် ဖေဖော်ဝါရီ (၂၀) ရက် နောက်ဆုံးထားပြီး အမြန်ဆုံးဆောင်ရွက်ပေးရန် သတိပေးထားသည်။
Non CDMများကို နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး၊ သတ်မှတ်ထားသည့်ရက်အတွင်း CDMအဖြစ် ဆောင် ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း MG6 ပြောက်ကျားတပ်က ထုတ်ပြန်ပြော သည်။
ထို့ပြင် Non CDMများအနေဖြင့် CDMပြုလုပ်ထားသည့် အထောက်အထားများကို နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment