ကနီမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား CDMပြုလုပ်ရန် PDFကနီ သတိပေး
(PDF(ကနီ)တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်နေစဥ်။ ဓါတ်ပုံ-PDF(ကနီ) |
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ ရက် ညနေ၄ နာရီအချိန် နောက်ဆုံးထား CDM ပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က သတိပေးလိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)တွင် NON-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၄နာရီအချိန် နောက်ဆုံးထား၍ CDMပြုလုပ် ချိတ်ဆက်စာရင်းပေးသွင်းရန်၊ CDM မပြုလုပ်နိုင်သော စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများအားလုံး ယနေ့မှစ၍ ကနီမြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန်၊ စကစ ထောက်တိုင် ရပ်ကွက်၊ ကျေးရွာအုပ်မှူးများအားလုံး ထမ်းဆောင်ဆဲ တာဝန်များမှ နှုတ်ထွက်ရန်၊ အခြားဒေသများမှ Non CDM စကစထောက်တိုင်ဝန်ထမ်းများ ကနီမြို့နယ်အတွင်း လာရောက်ခိုလှုံခြင်းမပြုရန်၊ သက်မှတ်ရက်အတွင်း CDM ပြုလုပ်ရန် ၊ နှုတ်ထွက်ရန် ပျက်ကွက်သူများကိုလူထုတော်လှန်ရေး၏ ဆူးညှောင့် ခလုတ်များဟုမှတ်ယူကာ အမြစ်ပြတ်သုတ်သင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) PDF(Kani) က အသိပေးကြေညာသည်။
ကနီမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များကုန်ကြောင်းနှင့်ရေကြောင်းတွင်ပါ ထိတွေ့တိုက်ခိုက်မှုများမကြာခဏဖြစ်ပေါ်နေသည်။
People's Spring
No comments:
Post a Comment