CDM မလုပ်ပဲ သစ်ခိုးထုတ်နေတဲ့ တောခေါင်းရုံးကို PDF ၃ဖွဲ့ မီးရှို့ဖျက်ဆီး


ပေါက်၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ ထန်းတောကုန်းရွာအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီလက်အောက်ခံ တောခေါင်းရုံးကို ဖေဖော်ဝါရီ ၃ ရက် မနေ့က ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ King Fighter- SGF ဆီက သိရပါတယ်။ 

သစ်တောဌာနပိုင် တောခေါင်းရုံးဖြစ်ပြီး အဲ့ဒီရုံးကဝန်ထမ်းအားလုံးနီးပါးက သစ်ခိုးထုတ်တဲ့ဖြစ်စဥ်တွေမှာ ပါဝင်နေသလို CDM လည်းမလုပ်တဲ့အတွက် ဝန်ထမ်းတွေကို သတိပေးလုပ်ဆောင်ဖို့သွားခဲ့ပေမယ့် ရုံးဝန်ထမ်းတွေရှိမနေတာကြောင့် ခုလိုရုံးကိုပဲ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့  King Fighter- SGF တာဝန်ခံ မတ်သံလုံက ပြောပါတယ်။ 

“ပေါက်မြို့နယ်မှာသစ်ခိုးထုတ်မှုကအမြဲတမ်းဖြစ်နေတာပဲ၊ အစိုးရအဆက်ဆက်မှာဖြစ်နေတာ၊ သစ်တောဝန်ထမ်းအားလုံးနီးပါးက သစ်ခိုးထုတ်လုပ်မှုမှာပါဝင်ပတ်သက်တဲ့လူတွေချည်ပဲ၊ အဓိကမီးရှို့ရတာတော့ စစ်ကောင်စီရဲ့ဒေါက်တိုင်ဖြစ်နေလို့ပဲ၊ ကျနော်တို့ကြားတာက တောခေါင်းရုံးမှာဝန်ထမ်းတွေရှိတယ်ကြားတာ၊ သူတို့ကိုတိုက်ခိုက်မယ်ဆိုပြီးသွားတော့သူတို့ကမရှိဘူး၊ ဒါ့ကြောင့် ရုံးကိုပဲမီးရှို့ပြီးပြန်လာခဲ့လိုက်တာ၊“ လို့ပြောပါတယ်။ 

ဒီလုပ်ဆောင်မှုကို King Fighter- SGF၊ MVRF၊ တပ်ရင်း ၄ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan

CDM မလုပ်ပဲ သစ်ခိုးထုတ်နေတဲ့ တောခေါင်းရုံးကို PDF ၃ဖွဲ့ မီးရှို့ဖျက်ဆီး CDM မလုပ်ပဲ သစ်ခိုးထုတ်နေတဲ့ တောခေါင်းရုံးကို PDF  ၃ဖွဲ့ မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.