ကန်ပတ်လက်မှာ CDFက တူမီးနဲ့ပစ်လို့ စစ်သား ၂ ဦးသေဆုံး


ကန်ပတ်လက်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။

ကန်ပက်လက်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့နေ့လည် ၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို မောချောင်းရွာအနီးမှာ တူမီးလက်နက်တွေသုံးပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  Chin Defense Force (Kanpetlet) တာဝန်ခံက ပြောပါတယ်။ 

“ကျင်ဒွေးရွာက စစ်ကောင်စီအဖွဲ့တွေအပြန် မောချောင်းရွာအနားမှာစောင့်နေတဲ့ ဒေသခံကျနော်တို့CDFတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်၊ ပြင်းပြင်းထန်ထန်တိုက်ခိုက်တာတော့ မဟုတ်ဘူး၊ ခြုံခိုတိုက်ခိုက်တာပါ၊ မွန်းလွဲ ၁ နာရီလောက်မှာခြုံခိုတိုက်တာပါ၊ ကျနော်တို့မှာ ကျည်လည်းမရှိတော့ဘူးဆိုတော့ ခြုံခိုတိုက်နေရပါတယ်၊ စစ်ကောင်စီဘက်က ၂ ယောက်ကတော့ တူမီးနဲ့ပစ်လိုက်လို့သေပါတယ်၊” လို့ ပြောပါတယ်။ 

Chin Defense Force (Kanpetlet) ဟာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် မနက်ကလည်း ကန်ပက်လက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

ကန်ပတ်လက်မှာ CDFက တူမီးနဲ့ပစ်လို့ စစ်သား ၂ ဦးသေဆုံး ကန်ပတ်လက်မှာ CDFက တူမီးနဲ့ပစ်လို့ စစ်သား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.