ကလေးက စစ်ကောင်စီတပ်စခန်းတခုကို CDF တိုက်ခိုက်


ကလေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို  ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့  Chinland Defense Force - Kalay - Kabaw - Gangawတာဝန်ခံက ပြောပါတယ်။ 

မနက် ၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးတာတွေရှိခဲ့သလို ဒဏ်ရာရသူတွေလည်း များနိုင်တယ်လို့ CDF - KKG အဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

“ကျနော်တို့ဘက်ကအရင်ဆုံး:လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ရန်သူ့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပြီးတော့မှ တုန့်ပြန်မှုတွေရှိခဲ့ပါတယ်။ အကျအဆုံးတော့မရှိဖို့များတယ်။ ထိခိုက်ဒဏ်ရာရရှိသူကရှိနိုင်တယ်၊။ သူတို့ရဲ့စခန်းအဆောက်အဦးတွေပျက်ဆီးမှုရှိပါတယ်။"လို့ သူကဆက် ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို CDF-KKG တပ်ရင်း ၃၊ တပ်ရင်း ၂နဲ့ RKDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၆ နာရီကလည်း CDF-KKG အပါအဝင် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး CDF ရဲဘော်တဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ကလေးက စစ်ကောင်စီတပ်စခန်းတခုကို CDF တိုက်ခိုက် ကလေးက စစ်ကောင်စီတပ်စခန်းတခုကို CDF တိုက်ခိုက် Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.