ကလေး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂။
ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၀ ရက် မနေ့ကမနက်ပိုင်းက စစ်ကောင်စီနဲ့ PDF တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက် ၁၅ ဦးသေဆုံးခဲ့တယ်လို့ People's Defence Force (Kalay) ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့
တွေကို မနေ့ကမနက် ၆ နာရီခွဲမှာ PDF ပူးပေါင်းအဖွဲ့တွေက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၃ နာရီလောက်ရှိခဲ့တယ်လို့ ကလေး PDF တာဝန်ခံက ပြောပါတယ်။
“ ကြံသာရွာမှာ အင်အား ၁၀၀ ကျော်နဲ့တပ်စွဲနေတာပါ၊ စစ်သားတွေရော ပျူစောထီးတွေရောပါ၊ တိုက်ပွဲက ၃ နာရီ ကြာပါတယ်၊ စစ်ကောင်စီဘက်က စစ်သားကောပျူစောထီးကော ၁၅ယောက်ထက်မနည်းကျပါတယ်၊ ဒဏ်ရာရသူတွေလည်းများတယ်လို့သိရတယ်၊ “ လို့ပြောပါတယ်။
PDF (Kalay) ၊ CDF (KKG) ၊ CDF (Hakha) ၊ RKDF နဲ့ ပ.က.ဖ တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း CDF (Hakha)က ရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ ကလေး PDF တာဝန်ခံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကလည်း ကလေးမြို့နယ်တောင်ပိုင်း၊ ရန်အောင်ကြီးရွာဘက်ကနေ ကလေးမြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီကား ၈ စီးကို ကလေး PDF နဲ့ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ CNDF ရဲဘော်တဦးလည်း လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment