မတူပီ - မင်းတပ်လမ်းပေါ်တွင် စစ်ကောင်စီတပ်ကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု များနိုင်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က သတင်းထုတ်ပြန်သည်။
မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက်နေ့လယ်၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်မှ အထိအခိုက်များနိုင်ပြီး CDF ရဲဘော်တစ်ဦးမစိုးရိမ်ရသော ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် မိုင်တိုင် ၂၃ ၌ ရောက်ရှိနေပြီး ညအိပ်မည်ဟုယူဆကြောင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂ရက်ကလည်း အဆိုပါ ယာဉ်တန်းကို မိုင်တိုင် ၃၂နှင့် ၃၀ တို့တွင် တိုက်ခိုက်ခဲ့ရ စစ်ကောင်စီ တပ်မှ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက်ငယ် တစ်လက် သိမ်းယူရရှိခဲ့ကြောင်း မင်းတပ် ပအဖက ထုတ်ပြန်သည်။
CDF(မင်းတပ်)ကလည်းယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးပြီး ထိခိုက်သူအလွန်များပြားသည်ဟု ဆိုသည်။ စစ်ကောင်စီထံမှ MA 3 သေနတ် တစ်လက်ကိုပါ CDF-MINDATက သိမ်းယူနိုင်ခဲ့ကြောင်းဖော်ပြထားသည်။
People's Spring
No comments:
Post a Comment