မတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်
Feb 3, 2022 7:50p.m
မတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ရာ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့သည်။ စကစဘက်မှ ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမသိရပေ။ ယင်းတိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။
စကစယဉ်တန်းသည် လက်ရှိတွင် ၂၃ မိုင်၌ ရောက်နေပြီး ထိုနေရာတွင် ညအိပ်မည်ဟု ခန့်မှန်းရသည်။
ယမန်နေ့(Feb 2) ၃၂ မိုင်နှင့် မိုင် ၃၀ တိုက်ပွဲတွင် စကစ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ CDF-MINDAT က စကစထံမှ MA 3 တစ်လက် သိမ်းယူရရှိခဲ့သည်။
မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့)
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
မတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်
Reviewed by THITHTOOLWIN
on
20:23
Rating:
No comments:
Post a Comment