ကလေးတွင် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ နှင့် CDF - KKG တို့ တိုက်ပွဲဖြစ်ပွါး၊ ပျူစောထီး ၃ ယောက်အနည်းဆုံးသေဆုံး


ဖေဖော်ဝါရီ ၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မှန်တောရွာအနီးတွင် ယနေ့ မနက် ၉ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ် အင်အား ၁၀၀ ကျော်နှင့် CDF - KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ရာ ပျူစောထီး အနည်းဆုံး ၃ ယောက်သေပြီး၊ ဒဏ်ရာရသူများခဲ့သည်ဟု CDF - KKG အဖွဲ့မှ သတင်းထုတ်ပြန်သည်။ 

CDF မှ ထောင်ထားသည့် မိုင်းများကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ နှစ်ကြိမ်တိုက်မိပြီးနောက် တစ်နာရီကျော်ကြာသည်အထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကာ၊ ပျူစောထီး အနည်းဆုံး ၃ ယောက်သေဆုံးပြီး၊ CDF - KKG တပ်ရင်း (၄) မှ ရဲဘော် ၁ ဦးလည်း လက်နက်ကြီးဒဏ်ရာ ရရှိခဲ့ပြီး၊ ဒဏ်ရာမစိုးရိမ်ရဟု သိရသည်။

ယနေ့မနက် ၁၁ နာရီဝန်းကျင်တွင်လည်း ကလေးမြို့မှထွက်လာသည့် စစ်ကား ၅ စီးကို၊ ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF - KKG တပ်ရင်း (၃) မှ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု CDF မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများအချိန်မရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် ယနေ့ ဖေဖော်ဝါရီ ၂ ရက်၊ ည ၉ နာရီအချိန်မှစတင်ပြီး၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) အထိ ကလေး - ဂန့်ဂေါ ပြည်ထောင်စုလမ်းမကြီးကို အသုံးမပြုကြပါရန်လည်း ပြည်သူများသို့ အသိပေးချက် ထုတ်ပြန်ထားသည်။ 


HTY Information

ကလေးတွင် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ နှင့် CDF - KKG တို့ တိုက်ပွဲဖြစ်ပွါး၊ ပျူစောထီး ၃ ယောက်အနည်းဆုံးသေဆုံး ကလေးတွင် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ နှင့် CDF - KKG တို့ တိုက်ပွဲဖြစ်ပွါး၊ ပျူစောထီး ၃ ယောက်အနည်းဆုံးသေဆုံး Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.