ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံး



ဖေဖော်ဝါရီ ၁၃ ရက်

ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၁၁နာရီ ၁၅ မိနစ်အချိန်ခန့်က မတူပီမြို့နယ်၊မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးကျေးရွာ အခြေစိုက် စကစတပ်စခန်းကို CDF-Matupiမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် ဖလမ်းမြို့နယ်၊ပါရ်သဲကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း(၂၂)စီးကို ရှေ့ပြေးတာဝန်ယူပေးသော စကစတပ်သားများကို CNDFမှ လက်ဦးမှုယူပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး ဒဏ်ရာအများပြားရရှိကြောင်း သိရသည်။


Ayeyarwaddy Times 





ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံး ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.