ပုလိပ်မြို့မှစစ်ကောင်စီထောက်တိုင် BOC ဆီဆိုင်ကို မိုင်းခွဲ၊ ဝန်ထမ်းများအား ရှောင်ခိုင်းပြီးမှ တိုက်ခိုက်ခြင်းဖြစ်


ပုလိပ်မြို့ရှိ စစ်ကောင်စီထောက်တိုင် BOC စက်သုံးဆီအရောင်းဆိုင်အား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့  Mandalay Ranger Force (MRF)က ယနေ့ (ဖေဖော်ဝါရီ ၄)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး BOC ဆီဆိုင်သည် စစ် တပ်ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့် ဆိုင်ကိုသာအဓိကထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ဝန်ထမ်းများကိုရှောင်ခိုင်းပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်"ဟု MRF က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုကို အနက်ရောင်သေမင်း အဖွဲ့၊ Kyaukse District Alliances(KDA)နှင့် Mandalay Ranger Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


People's Spring 

ပုလိပ်မြို့မှစစ်ကောင်စီထောက်တိုင် BOC ဆီဆိုင်ကို မိုင်းခွဲ၊ ဝန်ထမ်းများအား ရှောင်ခိုင်းပြီးမှ တိုက်ခိုက်ခြင်းဖြစ် ပုလိပ်မြို့မှစစ်ကောင်စီထောက်တိုင် BOC ဆီဆိုင်ကို မိုင်းခွဲ၊ ဝန်ထမ်းများအား ရှောင်ခိုင်းပြီးမှ တိုက်ခိုက်ခြင်းဖြစ် Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.