ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်


စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ယမန်နေ့ (ဖေဖေါ်ဝါရီ၁၉ရက်) က ဒေသခံတော်လှန် ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ (၄၆) ဦးသေဆုံးခဲ့ကြောင်း ဖောင်းဒိုင်းအဖွဲ့ကယနေ့ထုတ်ပြန်သည်။

အဆိုပါသေဆုံးသူများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ကောင်စီလက် ပါးစေ ရဲတပ်သားနှင့် ပျုစောထီးများ ပါဝင်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ပျူတွေကိုသင်တန်းပေးနေတဲ့စခန်းကို ပြည်သူ့တပ်ဖွဲ့တွေက ဝိုင်းတိုက်တာ စခဘက်ကသေတဲ့ လူများတယ် "ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြော သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းအကျဉ်းချုပ် ထုတ်ပြန်ချက်တွင် ချပ်သင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေ (၁၇) ဦးသေဆုံးခဲ့ပြီး  စစ်ကူလာသည့် ပျူစော်ထီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး (၅) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါတိုက်ပွဲတွင် ထိခိုက်သေဆုံးသည့်အချက်လက်များနှင့်ပတ်သက်၍ လူငယ့်ခေတ်မှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။


Lu Nge Khit


ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် Reviewed by THITHTOOLWIN on 01:30 Rating: 5

No comments:

Powered by Blogger.