ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားတွင် စစ်ကောင်စီတပ်ကို တိုင်းရင်းငါးလက်နက်ကိုင်အဖွဲ့ နှင့် ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်းသေဆုံးကြောင်း သိန္နီမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)က ထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၆)ညနေ ၅ နာရီခန့်တွင် ကုန်တင် ၁၂ ဘီးတွဲကားများဖြင့် ရှမ်းပြည်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့်တက်လာစဥ် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား မန်လွယ်ရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"လက်ရှိကျွန်တော်တို့ရဲ့ မြောက်ပိုင်း ဒေသအတွင်း စစ်ကောင်စီလှုပ်ရှားမှုနဲ့ စစ်ကြောင်းအင်အားသုံးတာတွေက အရမ်းများပါတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပါတယ်"ဟု TN PDF မှ ရဲဘော်တစ်ဦးကပြော သည်။
ရှမ်းမြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာနေသော စစ်ကောင်စီတပ်များကို KIA ၊ MNDAA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၏ တပ်ရင်း၊ တပ်ခွဲများနှင့် ချိတ်ဆက်ပူးပေါင်းကာ တိုက်ပွဲပုံစံဖော်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ယနေ့ညဦးပိုင်းတွင် သိန္နီ -ကွတ်ခိုင် ကြားမန်ပြိန်းအနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အင်းအား ၃၀၀ ထက်မနည်း ဖြန့်ကျက်ကာ ကင်းပုန်းများချထားပြီး မြောက်ဘက်သို့ အဆက်မပြတ်စစ်ကြောင်းထိုးလျက်ရှိကြောင်း TN PDF က အသိပေးထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment