တပတ်အတွင်း ဖျာပုံခရိုင်အတွင်းမှ တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာမ ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး


ဖျာပုံ၊ ဖေဖော်ဝါရီ ၄ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ခံ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား လူမှုကွန်ရက်စာမျက်နှာတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ရေးသားမှုများ မျှဝေသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဘိုကလေးမြို့နယ်၊ အကြီးဝ၊အ.မ.က မှ ကျောင်းဆရာမမဝေဝေနိုင်နှင့် မြို့ခံ မဇူးဇူးတို့ဖြစ်ကြပြီး ၎င်းတို့ ၂ ဦးအား ဇန်နဝါရီလ ၁ ရက်နေ့ညပိုင်းက ၎င်းတို့၏ နေအိမ်များသို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

"ညဖက်တွေမှာ အိမ်တွေကိုဝင်ဖမ်းသွားတာ ဖုန်းသုံးတော့ ပို့စ်ရှယ်ထားတာတွေမှာ မသက်ာလို့

မကြိုက်တာတွေ့လို့ လာဖမ်းသွားတာဖြစ်မယ်။ မိန်းကလေးတွေက ဘာမှတော့ လှုပ်ရှားတာတွေမတွေ့ရပါဘူး "ဟု ဖျာပုံမြို့ခံတစ်ဦးကဧရာဝတီတိုင်းကို ပြောသည်။

ယခုတစ်ပတ်အတွင်း စစ်ကောင်စီက ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့နယ်က ဆရာမ မမေပွင့်ဖြူ၊ ကျိုက်လတ်မြို့နယ်က ကျောင်းအုပ်ဆရာမဒေါ်မြင့်မြင့်သန်း နှင့် ဖျာပုံမြို့နယ်များက ဆရာမ မဝေဝေနိုင်တို့အား စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times

တပတ်အတွင်း ဖျာပုံခရိုင်အတွင်းမှ တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာမ ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး တပတ်အတွင်း ဖျာပုံခရိုင်အတွင်းမှ တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာမ ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.