အမရပူရတွင် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေ၊


ဖေဖေါ်ဝါရီ - ၈

မန္တလေးမြို့၊ အမရပူရမြို့နယ် ယက္ကန်းတော်ရပ်နေ အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသား ခန္ဓာကိုယ်အနှံ့ သေနတ်ဒဏ်ရာ ခုနှစ်ချက် ရရှိကာ သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။

ယနေ့ ဖေဖေါ်ဝါရီ(၈)ရက် မနက်(၇)နာရီဝန်းကျင်က အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆၁/၄)အနီးတွင် အထက်ပါအတိုင်း သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေသည့် အမျိုးသားကို တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူသည် အမရပူရမြို့နယ်၊ ယက္ကန်းတော်ရပ်တွင် နေထိုင်သူ အသက်(၅၀)ဝန်းကျင်အရွယ် ဦးဌေးကြည် ဆိုသူဖြစ်ပြီး ၄င်းတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေနတ်ဒဏ်ရာ ခုနှစ်ချက် ရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

စစ်အုပ်စုက ၄င်းတို့ကို ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် နေသလို စစ်ကောင်စီနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။


Mandalay Free Press - MFP

အမရပူရတွင် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေ၊ အမရပူရတွင် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေ၊ Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.