ခရမ်းမြို့ ပိန်းကန်ရဲစခန်း ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ မြေပြင်တွင် ၅ ဦးသေဆုံး ဆေးရုံရောက် ၁ ဦးထပ်သေဆုံး၊ သို့သော်အတည်မပြုနိုင်သေးပေ
(ဖေဖော်၀ါရီ ၂၇)
ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ ပိန်းကန်ရဲစခန်းကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှ ယနေ့ညနေ ၃ နာရီက ၄၀ မမ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းမှ ရဲများ ရမ်းသမ်းပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများ နှင့် ခရမ်း-PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိနေပြီး ခရမ်းချန်နယ်မှ စုံစမ်းချက်အရ အခင်းဖြစ်ပွားရာနေရာတွင်ပင် စစ်ကောင်စီတပ်သား ၅ ဦးထိသေဆုံးခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်သားများကို အရေးပေါ်ကားအများအပြားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပြီး ၎င်းတို့ သယ်ဆောင်သွားသော ဒဏ်ရာရတပ်သားများထဲမှ ၁ ဦး ယနေ့ည ၇ နာရီခန့်က သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
သို့သော် ခရမ်းမြို့ ယနေ့ဖြစ်စဥ်များတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပဲ ခရမ်းချန်နယ်မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေလျက်ရှိနေပြီး ယနေ့ည စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို ပြည်သူများထံ တင်ပြနိုင်ရန် ခရမ်းချန်နယ်မှ ကြိုးစားနေလျက်ရှိပါသည်။
Khayan Channel
No comments:
Post a Comment