ဖေဖေါ်ဝါရီ - ၁၀
မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အတွင်း အထိုင်ချနေသော အကြမ်းဖက် စစ်အုပ်စုကို ယနေ့ မနက်ပိုင်းတွင် ဗုံးထု တိုက်ခိုက်ခဲ့ပြီး စကစ သုံးဦး သေမည်ဟု ခန့်မှန်းကြောင်း မန္တလေးမြိုပြ ပြောက်ကျားတပ်ဖွဲ့ Dragon Warrior အဖွဲ့ က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီ(၁၀)ရက်၊ နံနက်(၁၀)နာရီကျော်က Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force အဖွဲ့တို့ ပူးပေါင်း၍ ရတနာပုံကျောင်းအတွင်းရှိ အကြမ်းဖက်စ စခများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ရတနာပုံကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စခများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စခ သုံးဦး သေဆုံးနိုင်ခြေ ရှိကြောင်း အများပြည်သူ သိရှိနိုင်စေရန် အသိပေး ကြေညာအပ်ပါသည်” ဟု Dragon Warrior အဖွဲ့က ဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေပါ။
လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုက မန္တလေးမြို့ရှိ ၄င်းတို့ကို ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်လျှက် ရှိသည်။ စစ်အုပ်စုက ထင်တိုင်းကျဲ ဖမ်းဆီး၊ သတ်ဖြတ် ဖိနှိပ်နေသော်လည်း စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်မှုများ နေ့စဉ် ပေးပေါက်နေဆဲ ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment