ကျောက်ပန်းတောင်မြို့တွင် မိမိကိုယ် မီးရှို့ ဆန္ဒပြသည့် အမျိုးသား ဆေးရုံ၌ ကွယ်လွန်


ဖေဖော်ဝါရီ ၁ ရက်၊ ၂ ၀၂၂ ခုနှစ်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့ပေါ်၌ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် အမျိုးသားတစ်ဦးသည် ဆေးကုသမှုခံယူနေရင်း ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြည်တောသာရက်ကွက်၊ ရွှေတန်ဆာ လမ်းတွင် နေထိုင်သည့် ကိုအောင်အောင်သည် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် EPC ရုံးရှေ့၌  မိမိကုယ်မီးရှို့ ဆန္ဒ ပြခဲ့သည်။ 

" ည ၇နာရီခွဲလောက်မှာ ညောင်ဦးဆေးရုံမှာ ဆုံးသွားတယ် " ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ 

ကျောက်ပန်းတောင်းမြို့တွင် သံပန်းလုပ်ကိုင်သူ ကိုအောင်အောင်သည် " ၂၄ နာရီလုံး အများပြည်သူ ပြည်သားများမီးလင်းပါစေ ၊  ၂၀၀၂ ၂၀၀၅ ခုနှစ်သို့ ပြန်မသွားချင် "ဟု ဆိုကာ EPC ရုံးရှေ့တွင် မီးရှို့ ဆန္ဒ ပြခဲ့သည် ။

ကိုအောင်အောင်သည် မိမိကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ဆန္ဒပြခဲ့ရာ အချိန် ၄ ၊ ၅ မိနစ်ခန့်ကြာခဲ့ပြီးနောက် တွေ့ရှိသူများက မီးဝိုင်းငြိမ်းသတ်၍ ညောင်းဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အသက် ၄၀ နှစ်အရွယ်ခန့်ရှိ ကိုအောင်အောင်အား ညောင်ဦးဆေးရုံသို့ ခေါ်ဆောင်သွားပြီးနောက် အောက်ဆီဂျင်နှင့် ဆေးပုလင်းချိတ်ထား၍ ဆေးကုသမှု ပေးထားနေစဥ်အတွင်း၌ ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ 

လက်ရှိအာဏာသိမ်းကာလ၌ မိမိကိုယ် မီးရှို့ဆန္ဒပြမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာသိမ်း တစ်နှစ်ပြည့်သည့် ယနေ့တွင် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။


သံလွင်ခက် - Than Lwin Khet News

ကျောက်ပန်းတောင်မြို့တွင် မိမိကိုယ် မီးရှို့ ဆန္ဒပြသည့် အမျိုးသား ဆေးရုံ၌ ကွယ်လွန် ကျောက်ပန်းတောင်မြို့တွင် မိမိကိုယ် မီးရှို့ ဆန္ဒပြသည့် အမျိုးသား ဆေးရုံ၌ ကွယ်လွန် Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.