ချင်းပုန်းရွာရှိစစ်သားများထွက်ခွာသွားပြီးနောက် သေဆုံးအလောင်းများတွေ့ရပြီး ကလေးငယ်တချို့လည်း ပျောက်ဆုံးနေ


ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင် တပ်စွဲထားသော စစ်သားများကို ယနေ့နံနက်၁၁နာရီခွဲကျော်အချိန်၌ ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါစစ်သားများအား နမခမှ MI-35 ၂စီးနှင့် ချင်းပုန်းရွာ၌ ရှိနေသည့် လေယာဉ်၂စီး စုစုပေါင်း လေယာဉ် ၄စီးဖြင့် တပ်ဖွဲ့ဝင်များကိုခေါ်ထုတ်သွားသည်ဟု သိရသည်။

"ဒီမနက်မှာ သူတို့လာတုန်းကအတိုင်းပဲ လေယာဥ်နဲ့အရင်ဆုံး ပစ်ခတ်ရှင်းလင်းမှုတွေလုပ်ပြီး တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်သွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကျေးရွာအတွင်းတပ်စွဲသွားသည့်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးအလောင်း ၉ တွေ့ရှိထားရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကဖော်ပြထားသည်။ 

" မူကြို ကလေးအချို့ ပျောက်နေပြီး ရှာဖွေနေဆဲဖြစ်ပါတယ်။စစ်ခွေးများဟာ ဓားစာခံပြည်သူ ၄ယောက်ဖမ်းသွားတယ်လို့လည်း သတင်းရပါတယ်"ဟုချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

ချင်းပုန်းရွာမှ ထွက်ခွာသွားတဲ့ လေယာဉ်များသည် ယင်းမာပင်မြို့နယ် သပြေအေးရွာကိုလည်း ပစ်ခတ်၍ နေအိမ်များကို မီးရှို့နေသည်ဟု ဒေသခံတစ်ဦးက နေ့လယ် ၂နာရီခွဲကျော်အချိန်၌ သံလွင်ခက်ကိုပြောသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာ၌ PDF သင်တန်းဆင်းပွဲရှိသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၆ရက်တွင် စစ်ကောင်စီတပ်ကလေကြောင်းမှပစ်ခတ်မှုများပြုလုပ်ပြီးနောက်  ရဟတ်ယာဥ် ၅ စီးဖြင့် တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ကိုချထားခဲ့သည်။

စစ်ကောင်စီတပ်များကျေးရွာအတွင်းဝင်ရောက်လာချိန်၌ ကျေးရွာနေပြည်သူတချို့ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စာသင်နေသော မူကြိုကလေးငယ် ၈၆ ဦး နှင့် ဆရာ၊ ဆရာမများအပါအဝင် ကျေးရွာသားတချို့ ပိတ်မိ၍ ဖမ်းဆီးခံလိုက်ရသည်။ 

စစ်ကောင်စီတပ်များချင်းပုန်းကျေးရွာအတွင်းမှ ပြန်ထွက်ခွာသွားချိန်၌ ကလေးငယ်တချို့ ပျောက်ဆုံးနေသေးသည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်ခက် - Than Lwin Khet News

ချင်းပုန်းရွာရှိစစ်သားများထွက်ခွာသွားပြီးနောက် သေဆုံးအလောင်းများတွေ့ရပြီး ကလေးငယ်တချို့လည်း ပျောက်ဆုံးနေ ချင်းပုန်းရွာရှိစစ်သားများထွက်ခွာသွားပြီးနောက် သေဆုံးအလောင်းများတွေ့ရပြီး ကလေးငယ်တချို့လည်း ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.