မိုးဗြဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့

ဓာတ်ပုံ - CJ

(ဖေဖော်ဝါရီလ ၁၆ရက်) ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆိုPDF၊ KNDF၊ KGZ ပူးပေါင်းတပ်ဖွဲ့တို့  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲPDFက သတင်းထုတ်ပြန်ပါတယ်။

နံနက် ၁၁နာရီဝန်းကျင်ကနေ ညနေ ၄နာရီ ဝန်းကျင်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းအချိန်ထိ စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖက် ရဲဘော်နှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုရှိပြီး အတိအကျမသိရှိရသေးဘူးလို့ သိရပါတယ်။

ဒီကနေ့မှာဆိုရင် စစ်ကောင်စီဖက်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စည်ကား(၃)ရပ်ကွက်က ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့နယ် နေရာတွေမှာ တပ်စွဲလျက်ရှိနေတဲ့အတွက် ဆက်လက်ထိုးစစ်ဆင်နိုင်သလို တိုက်ပွဲတွေလည်း ပြင်းထန်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုဗြဲမြို့ပေါ်က ပြည်သူတွေအနေနဲ့လည်း လုံခြုံဘေးကင်းတဲ့ နေရာတွေမှာရွေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ မိုးဗြဲမှာဆိုရင် မနေ့ကတည်းက စစ်ကောင်စီဖက်ကနေ စတင်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ယခင်နှစ် မေလနောက်ဆုံးပတ်လောက်မှာလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး မိုးဗြဲမြို့ပေါ် ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြဖူးပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ဖယ်ခုံမြို့နယ် ပင်ပုံမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (  KNDF )  က ထုတ်ပြန်ထားတာရှိပါတယ်။


Kantarawaddy Times 

မိုးဗြဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ မိုးဗြဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ Reviewed by THITHTOOLWIN on 04:38 Rating: 5

No comments:

Powered by Blogger.