နတ်မောက်၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၂။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရွာအနီး ခရိုင်ချင်းဆက်လမ်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့ စစ်သား ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးစလုံးသေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ဒီနေ့နေ့လည် ၂ နာရီမှာဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဗိုလ်ငါးခူက ပြောပါတယ်။
“၁ ကောင်က ပွဲချင်းပြီးသေတယ်။ ၁ ကောင်က ဒဏ်ရာရပြီး ပြန်ခံပစ်တယ်။ ပထမ မိုင်းဆွဲတယ်။ ပြည်သူ့ဆိုင်ကယ် ၁ စီးက ဧရိယာမလွတ်တာာနဲ့ အလျော့ပေးလိုက်ပြီး ပြည်သူကိုငဲ့လိုက်တာ မိုင်းက သိပ်ပြီးတော့ ထိထိရောက်ဖြစ်မသွားဘူး။“ လို့ ဗိုလ်ငါးခူက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က စစ်သား ၁၀ ယောက်နီးပါး စစ်ကူရောက်လာပြီး ပြန်လည်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ၆ မိနစ်လောက်ကြာခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment