ရေး၊ ဖေဖော်ဝါရီ (၆)
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တော်လှန်ရေးရဲဘော်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များကိုလည်း ဖမ်းဆီးထားကြောင်း ရေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ဖေဖောဝါရီလ (၃) ရက် ညပိုင်းက စစ်ဆင်ရေးတစ်ခုမှ ပြန်လာစဉ် ရေးမြို့ပြင်တစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါတပ်ဖွဲ့က ဖေဖော်ဝါရီလ (၅) ရက်နေ့မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ကျဆုံးသွားခဲ့သည့် ရဲဘော်မှာ ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းဖြစ်ပြီး လက်ရှိအချိန်၌ စစ်ကောင်စီတပ်က ၎င်း၏မိဘများနှင့် အကိုဖြစ်သူတို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းနှင့် အတူလိုက်ပါသွားသည့် ရဲဘော်နိုးနိုးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျဆုံးသွားသည့် ရဲဘော်ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိဟု ဆိုသည်။
ဖေဖေဝါရီလ (၄) ရက်နေ့ကလည်း ရေးမြို့အတွင်းရှိ ၎င်းတို့၏ ရဲဘော် (၃) ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ရေးမြိုနယ်တွင်နေထိုင်သူ ၎င်းတို၏ သတင်းပေးဆိုသည့် မောင်မြင့်ကို တော်လှန်ရေးသမားများက ရှင်းလင်းခဲ့ပြီးနောက် အစစ်အဆေးနှင့် အဖမ်းအဆီး ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment