စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အလစ်အငိုက်ဝင်တိုက်ခဲ့ကြောင်း CDF - KKGက ယနေ့ (ဖေဖော်ဝါရီ ၁၆) ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို ယနေ့ညနေ ၄နာရီခန့်တွင် CDF - KKG နှင့်CDF - Hakha တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁နာရီခန့်ကြာမြင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်ဦးကျဆုံးခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်"ဟု CDF - KKGက ထုတ်ပြန်သည်။
ရန်ကြီးအောင်ကျေးရွာတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး ပြည်သူလူထုအား ခြိမ်းခြောက်မှုများလုပ်ဆောင်နေကြောင်း CDF - KKGက ဖော်ပြသည်။
ထို့အပြင် ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ကလည်း ကျေးရွာအတွင်းရှိ နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယနေ့နံနက်တွင်လည်း နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment