မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိခဲ့ဟုထုတ်ပြန်
(ဖေဖော်ဝါရီလ ၁၇ ရက်)
ကယား(ကရင်နီပြည်နယ်) မိုးဗြဲမြို့အတွင်းနေရာ အနှံ့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊လွိုင်ကော် PDF၊ KNDF၊ KA၊ KGZ၊ ဒီးမော့ဆို PDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့က တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့ကြောင်း KNDF B03 ကနေ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းကို မိုးဗြဲ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းကာ ဒီကနေ့ မနက် ၄နာရီ ၄၅မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် အင်တာနက်လိုင်းတွေပြတ်တောက်နေကြောင်းနဲ့ စစ်ကောင်စီတပ်တွေလက်လွတ်စပယ် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဆင်လက် ပြင်းထန်လာနိုင်တယ်လို့ မိုးဗြဲ PDF နဲ့ ဖယ်ခုံ PDF တို့ကနေ သတင်းထုတ်ပြန်ထားပါသည်။
HTY Information
No comments:
Post a Comment