စစ်ကောင်စီယန္တရား၌ ပါဝင်နေသည့် ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ရက်မတိုင်မီ မြိုင်မြို့နယ်မှ ထွက်ခွာရန် မြိုင် ပအဖ ကြေညာ
◉ ဒေသခံ ဝန်ထမ်းများလည်း ဖေဖော်ဝါရီ ၁၀ရက်နောက်ဆုံးထား CDM ပြုလုပ်ရန် အသိပေး
စစ်ကောင်စီ ယန္တရားတွင် ပါဝင်ဆောင်ရွက်နေသည့် မြိုင်မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများ ဖေဖော်ဝါရီ ၁၀ရက်နေ့ မတိုင်မီ မိမိတို့ ရုံးဌာန၊ နေအိမ်များမှ ရရာနည်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာရန် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ထုတ်ပြန်သည်။
မြိုင်မြို့နယ် ဒေသခံ ဝန်ထမ်းများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထား၍ မိမိတို့ အလုပ်မှ နှုတ်ထွက်ခြင်း၊ CDM ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် အသိပေးကြောင်း ဖော်ပြထားသည်။
အထက်ပါ အချက် များအား လိုက်နာခြင်းမရှိပါက မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အဆိုပါ ဝန်ထမ်းများသာ မက ဝန်ထမ်းများ၏ ပိုင်ဆိုင်မှုများ၊ မိသားစုများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်သည်ဟု ကြေညာခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာတွင် ရုံးသွားရာလမ်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ၊ စျေးသို့သွားရာလမ်း၌ ဖြစ်စေ၊ ကျေးရွာများသို့ ကွင်းဆင်းသည့် အခါ၌ ဖြစ်စေ နည်းမျိုးစုံဖြင့် ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဖော်ပြထားသည်။
မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတသိုက်ကို ရရာနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင် တိုက်ခိုက် ခုခံကာကွယ်သွား နေသကဲ့သို့ ဆက်လက်ပြီး ပိုမိုထိရောက်စွာ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ထပ် လောင်း အတည်ပြုသိစေလိုသည်ဟုလည်း မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
People's Spring
No comments:
Post a Comment