ပြည်ကြီးတံခွန် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ

ဓာတ်ပုံ၊ Mandalay Ranger Force - PDF 

ဖေဖော်ဝါရီ - ၄ 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးကို ယနေ့ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း Mandalay Ranger Force - PDF သတင်းထုတ်ပြန်သည်။ 

" ပြည်သူများကို ခြိမ်းခြောက်ပြီး မီတာကြေး အဓမ္မ ကောက်နေသော ပြည်/ခွန် လျှပ်စစ်ရုံးအား နာနတ်သီး တစ်လုံး ဒူးရင်းသီးတစ်လုံးအသီး ၂ လုံး ကျွေးခဲ့ပါတယ် " ဟု ဖော်ပြထားသည်။ 

ရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပြီး အထိအခိုက်မသိရသေးသဖြင့် မြေပြင်သတင်းများ လာပြောနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ခိုက်မှုကို YNO Mandalay PDF ၊ Eagle Brother PDF ၊ Mandalay Ranger Force - PDF (Rangers of Mandalay) မဟာမိတ်ညီအစ်ကိုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထပ်မံ ထုတ်ပြန်ထားသည်။ 

စစ်အုပ်စုလက်အောက်ခံများသည် မန္တလေးမြို့ပေါ်တွင် လျှပ်စစ်မီတာခများ ကောက်ခံခြင်း၊ မီတာမဆောင်သည့် နေအိမ်များကို မီးဖြတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုကြသည်။ 


Mandalay Free Press - MFP

ပြည်ကြီးတံခွန် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ ပြည်ကြီးတံခွန် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.