မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
မီတာခမဆောင်သူများကို လျှပ်စစ်မီးလိုက်လံဖြတ်တောက်နေသည့် တောင်ငူမြို့မှ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဖေဖော်ဝါရီလ ၁၂ရက် နေ့လည်ပိုင်းတွင် သေနတ်ဖြင့် ၃ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ငူမြို့တွင်းမှ လျှပ်စစ်မီတာခ မဆောင်သည့် နေအိမ်များကို စစ်တပ်အစောင့်အရှောက်ဖြင့် လိုက်လံ မီးဖြတ်နေစဉ် အုတ်ကျွတ်တန်းဘက်အရောက် သေနတ်ဖြင့် ၃ချက် ပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သေနတ်နဲ့ ၃ ချက်ပစ်သွားတာ။ စစ်ခွေး၂ ကောင် ပါတဲ့ကြားက ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။
တောင်ငူမြို့တွင် ယခုရက်ပိုင်းအတွင်း မီတာခ မဆောင်သည့် နေအိမ်များကို လျှပ်စစ်မီးဖြတ်တောက်ခြင်းများ တောက်လျှောက်လုပ်ဆောင်နေကြာင်း မြို့ခံများထံမှ သိရသည်။
MeKong News - မဲခေါင်သတင်း
တောင်ငူတွင် မီးလိုက်ဖြတ်သည့် လျှပ်စစ်ဝန်ထမ်း သေနတ်ဖြင့် ၃ ချက် ပစ်သတ်ခံရ
Reviewed by THITHTOOLWIN
on
23:18
Rating:
No comments:
Post a Comment