မြင်းမူနယ် ပဒတ္ထိုင်းရွာတွင် ​ဒေသခံ (၂၀) ​ကျော် မီးရှို့သတ်ဖြတ်ခံရ

ဓာတ်ပုံ၊ CJ 

ဖေ​ဖော်ဝါရီ - ၃ 

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်​ကောင်စီတပ်က ရဟတ်ယာဥ်များဖြင့် ဝင်​​ရောက်စီးနင်း ပစ်ခတ်ပြီး ​ဒေသခံ (၂၀) ​ကျော်ကို ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်သွား​ကြောင်း ​ဒေသခံတို့က​ ပြောသည်။ 

ဇန်နဝါရီ (၃၁) ရက်က PDF သင်တန်းဆင်းပွဲကို ပဒတ္ထိုင်းရွာတွင် ကျင်းပ​နေစဥ် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ပြီး ရွာတွင် ကျန်ခဲ့သည့် ​ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ရာ ​လက်ရှိတွင် ​​ပျောက်ဆုံး​​နေသူစာရင်းနှင့် တိုက်ဆိုင်ကြည့်ရာတွင် ဒေသခံ (၂၀) ​ကျော် သတ်ဖြတ်ခံထားရသည်ဟု ဆိုသည်။ 

" အစက​တော့ အ​ဝေးက​နေကြည့်ရ​တော့ အိမ်​တွေမီးရှို့တယ်ထင်တာ။ အခုမှဝင်ကြည့်​တော့ လူ​တွေမီးရှို့သွားတာ။ အခုစာရင်းအရ​တော့ မီးရှို့ခံရတာ (၂၀) ​​​ကျော်တယ်။ ဒီ​ကောင်​တွေက လက်စ​ဖြောက် မီး​တွေးရှို့ပစ်လိုက်တာဆို​တော့ ​ပျောက်တဲ့သူ​တွေနဲ့တိုက်ကြည့်ရတာ " ဟု​ဒေသခံ တစ်ဦးက​ ပြောသည်။ 

စစ်​ကောင်စီတပ်သည် ဇန်နဝါရီ (၃၁) ရက်မှ ​ဖေ​ဖော်ဝါရီ (၂) ရက်​နေ့အထိ ပဒတ္ထိုင်းရွာတွင် တပ်စွဲထားပြီး ယမန်​နေ့ ​ဖေ​ဖော်ဝါရီ (၂) ရက် ည​နေပိုင်း စစ်​ကောင်စီတပ်သည် အရာ​တော်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ယ​နေ့မှ ရွာအတွင်းဝင်​ရောက်ကြည့်သည့်အခါ မီးရှို့ထား​သော အ​လောင်းများကို ​တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်​ကောင်စီတပ်သည် ရွာမှပြန်လည် ထွက်ခွာရာတွင်လည်း လမ်းတွင် မိုင်းဆွဲခံရမည်စိုး​သော​ကြောင့် လူသားဒိုင်းအဖြစ် ​ခေါ်​ဆောင်ပြီးမှ ပြန်လွတ်လိုက်သည်ဟု​ဒေသခံတို့က​ ပြောသည်။ 


Mandalay Free Press - MFP

မြင်းမူနယ် ပဒတ္ထိုင်းရွာတွင် ​ဒေသခံ (၂၀) ​ကျော် မီးရှို့သတ်ဖြတ်ခံရ မြင်းမူနယ် ပဒတ္ထိုင်းရွာတွင် ​ဒေသခံ (၂၀) ​ကျော် မီးရှို့သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.