တမူးမြို့ အင်းဝဘဏ်ရှေ့ အစောင့်ကျနေသော စကစများကို တိုက်ခိုက်၊ မုန့်ဟင်းခါး နှစ်ပွဲထွက်ပြီး ငါးဦးခန့် ဒဏ်ရာရဟုဆို၊
ဖေဖေါ်ဝါရီ - ၅
စစ်ကိုင်းတိုင်း တမူးမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ် အစောင့်ကျနေသော စကစများကို တိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦး သေပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် - စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ PDF-CEU က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၅)ရက် ညနေပိုင်းက တမူးမြို့ အင်းဝဘဏ်ရှေ့ အစောင့်ကျနေသော စစ်အုပ်စုကို PDF – CEU အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - ABSDF ရဲဘော်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“PDF-CEUနှင့် ABSDF ပူးပေါင်း ပြောက်ကျားအဖွဲ့က တမူးမြို့၊ အင်းဝဘဏ်ရှေ့တွင် လုံခြုံရေးယူနေသော စစ်ခွေးအုပ်စု အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်ခွေး နှစ်ကောင် မုန့်ဟင်းခါး ဖြစ်ကာ စစ်ခွေး ငါးကောင်ခန့် ထိခိုက် ဒဏ်ရာရှိ သွားပါသည်” ဟု PDF-CEU က ဖော်ပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
ပြီးခဲ့သည့် လပိုင်းကလည်း တမူးမြို့နယ်အတွင်း စကစများ တိုက်ခိုက်ခံရပြီး အသေအပျောက် များခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment