ပလန ရဲကင်းစခန်းတစ်ခု မိုင်းခွဲ တိုက်ခိုက် ခံရ



February 13, 2022

မြစ်ကြီးနားမြို့ ပလန ရဲစခန်းကင်းတစ်ခု ယနေ့ နံနက် ၅ နာရီခန့်တွင် မိုင်းခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

ပလနရပ်ကွက်တွင် နေ့စဉ် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေသော ရဲကင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

“လမ်းမကြီးဘေးက သဲအိတ်တွေနဲ့ ဆောက်ထားပြီး သူတို့ အဲ့မှာနေ့၊ ည လမ်းသွား လမ်းလာ သူတွေကို ပုံမှန်စစ်ဆေးနေတာဟုတ်တယ်။ ဒီမနက် ၅ နာရီခန့်က ဗုံးသံတစ်ချက် အသံအရမ်းကျယ်ပါတယ်ဆို အဲ့မှာ လာဖောက်ပေးလိုက်တာ။” ဟု ပလန ဒေသခံတစ်ဦးက KNG ကို ပြောသည်။

သို့သော် အဆိုပါပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲများ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။

မြစ်ကြီးနားတွင် လတ်တလော ရဲနဲ့စစ်သားများမှ ပြည်သူများကို နေ့၊ ည ဆက်တိုက် စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း သိရသည်။


Kachin News Group

ပလန ရဲကင်းစခန်းတစ်ခု မိုင်းခွဲ တိုက်ခိုက် ခံရ ပလန ရဲကင်းစခန်းတစ်ခု မိုင်းခွဲ တိုက်ခိုက် ခံရ Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.