စစ်ကား ခုနစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ထိခိုက်ဒဏ်ရာရ

 

Video Credit -Thaton People's Guerillas

ဖေဖော်ဝါရီ ၈၊ ၂၀၂၂။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကမာဆိုင်ကွက်သစ်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ခုနစ်စီးကို မိုင်းကြီး သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲသည်ဟု သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်များ (Thaton People’s Guerillas) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)၊ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ (TPDF) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၇ ရက်၊ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၈ ရက်အထိ ပစ်ခတ်နေမှုများ ဆက်လက်ရှိသည်ဟု သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး ဆက်လက်တိုက်ပွဲဝင်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပစ်ခတ်မှုမှာ ၂ နာရီကျော် ကြာမြင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်သည်။



စစ်ကောင်စီယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရသည့်  ရုပ်သံမှတ်တမ်း 


သံလွင်ခက် - Than Lwin Khet News

စစ်ကား ခုနစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ထိခိုက်ဒဏ်ရာရ စစ်ကား ခုနစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.