ထားဝယ် ၊ ဖေဖော်ဝါရီလ ၂၇ ရက်
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝရွာတွင် NLDပါတီရုံးနှင့် နေအိမ်သုံးဆောင်ထက်မနည်း ယနေ့မွန်းလွဲပိုင်းက မီးရှို့ဖျက်ဆီးခံရသည်။
ဖေဖော်ဝါရီ(၂၇)ရက်၊မွန်းလွဲ(၁၂)နာရီခန့်က အမျိုးသားဒီမိုကရေစီNLD ပါတီရုံးနေအိမ်မှစမီးရှို့ခံရပြီး အနီးအနားရှိနေအိမ်များမီးကူး၍ ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။
"စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့လို့တရွာလုံးစစ်ဘေးရှောင်နေကြရတယ်။ရွာထဲမှာစစ်တပ်နဲ့ပျူစောထီးတွေပက်ရှိတာ သူတို့လက်ချက်ပက်ဖြစ်နိုင်တယ်"ဟု၎င်းကပြောသည်။
ယင်းနောက် NLDပါတီရုံးအပါဝင်နေအိမ်စုစုပေါင်း(၃) ဆောင်ထက်မနည်းမီးလောင်ပြာကျခဲ့ပြီး တန်ဖိုးရှိပစ္စည်းတချို့ပါဆုံးရှုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိပေမဲ့ ကျေးရွာနေထိုင်သူများမှာ နေအိမ်မပြန်နိုင်သေး၍ တောတောင်အတွင်းဆက်လက်ပုန်းခိုနေရကြောင်းသိရသည်။
အဆိုပါဖက်ဆစ်တပ်များမှာ အပြစ်မဲ့ရွာသားများဖမ်းဆီးခြင်း၊နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊အမျိုးသမီးများအားမုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊အသက်ရှိလူကိုရှင်လတ်လတ်ကြိုးတုတ်မီးရှို့ခြင်း တို့အမျိုးမျိုးလုပ်ဆောင်ကြပြီး ၎င်းတို့၏ပြစ်မှုများကို မည်သည့်အခါမှ ဝန်ခံခဲ့ခြင်းမရှိပါ။
Dawei Information Center
No comments:
Post a Comment