"တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ"


"တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ" 

MRDA - ဗိုလ် ဈာန်ရဲ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ အိမ်ခြေ(၈၀၀)ကျော်ရှိသော လှော်ကားကြီးကျေးရွာကို စစ်ကောင်စီက ဖေဖေါ်ဝါရီ(၄)ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်ခြေရာနှင့်ချီကာ မီးလောင်ပြာကျခဲ့ပြီး အရေအတွက် အတိအကျ မသိရသေးဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဖေဖေါ်ဝါရီ(၁)ရက်မှ(၄)ရက်အတွင်း ပုလဲမြို့နယ်ရှိ ပန်းရွာ၊ မွေ့တုံရွာ၊ လှော်ကားကြီးရွာနှင့် ကိုင်းတွင်းရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့သည်။ ထို့အပြင် မင်းတိုင်ပင်ရွာကိုလည်း စစ်ကောင်စီက ဖေဖေါ်ဝါရီ(၃)ရက်တွင် စီးနင်းဝင်ရောက်ကာ ဒေသခံ အမျိုးသားသုံးဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာအတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်းကာ တန်ဘိုးကြီးပစ္စည်းများ ခိုးယူလုယက်ခဲ့သည်။


Mandalay Free Press - MFP

"တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ" "တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ" Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.