ဗန်းမော်မြို့ ဖန်းခါးကုန်းကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းဂိတ်ကို ယနေ့နံနက် ၄နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီ ရဲစခန်းမှ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဖန်းခါးကုန်း စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"စစ်တပ်ကပြန်ပစ်တော့ ဘုရားကျောင်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့ဝန်းမှာ ပစ်ထည့်ကြတယ်။ လက်ထောက်ဗုံးတစ်ခုလည်း ကျတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ အဖွဲ့ဝင်များ၏ စခန်းများကို ကေအိုင်အေ၊ PDF နှင့် အခြားအဖွဲ့များမှ တိုက်ခိုက်လျှက်ရှိသည်။
Kachinwaves
ဗန်းမော်မြို့ဖန်းခါးကုန်းက စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ရှောင်စခန်းထဲ လက်နက်ကျရောက်
Reviewed by THITHTOOLWIN
on
17:43
Rating:
No comments:
Post a Comment