မဲခေါင်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးအား ဖေဖော်ဝါရီ ၃ ရက်က လက်ပြန်ကြိုးတုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဝက်လက်မြို့နယ်သတင်းမှန် ပြန်ကြားရေးထံမှ သိရသည်။
စစ်ကောင်စီအဖွဲ့များသည် ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာသို့ ရေလမ်းကြောင်းဖြင့် ဇန်နဝါရီ ၂၉ တွင် လက်နက်ကြီးများပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်း တပ်စွဲခဲ့သည်။ စစ်ကောင်စီအဖွဲ့ ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ကျေးရွာအတွင်းပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
အပြစ်မဲ့ပြည်သူ သစ်ဆိမ့်ရွာသား ၆ ဦးအား စစ်ကောင်စီအဖွဲ့က လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် ဖေဖော်ဝါရီ ၃ တွင် လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်ထားကြောင်း ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ အင်အား ၃၀ ခန့်သည် ဖေဖော်ဝါရီ ၃ တွင် သစ်ဆိမ့်ကျေးရွာမှ ရှားကွဲကျေးရွာသို့ သွားနေစဉ် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စနေ ဦးဆောင်သည့် နတ်တောင်နဂါး ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
မိုင်း ၃ လုံးဖြင့် ၂ ကြိမ်တိုက်ခိုက်ခံရသော စစ်ကောင်စီအဖွဲ့မှ ၁၀ ယောက်ထက်မနည်း ကျဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင် ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့ ( ဖေဖော်ဝါရီ ၃ ) က ထုတ်ပြန်ထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment