မင်းကင်းမောက္ကတော် စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ တိုက်ခိုက်၊ စစ်သားနှင့်ပျူများသေ


ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မောက္ကတော်ရွာအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က ဖော်ပြထားသည်။ 

မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ၊ မောက္ကတော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများ တပ်စွဲထားသော  စခန်းတစ်ခုကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရတပ် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နှင့် Chindwin-Ranger အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ပျူစောထီးတစ်ဦးတို့သေဆုံးခဲ့ပြီး၎င်းတို့ထံမှ 5.56 ကျည်ထိုး လက်လုပ်သေနတ်တစ်လက်နှင့် G3 တစ်လက်သိမ်းဆည်းရရှိခဲ့သည်ဟု MKPDF-2 ကဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

မင်းကင်းမောက္ကတော် စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ တိုက်ခိုက်၊ စစ်သားနှင့်ပျူများသေ မင်းကင်းမောက္ကတော် စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ တိုက်ခိုက်၊ စစ်သားနှင့်ပျူများသေ Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.