ဖေဖော်ဝါရီ ၅ ရက်
သာကေတမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ ၏ ရေတပ်စခန်းအနီး ဗုံးပေါက်ကွဲ မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ည ၇ နာရီခွဲခန့်တွင် သာကေတ၊ ၄ရပ်ကွက်၊ယမုံနာလမ်းမ၊ ရေတပ်စခန်းဝန်း အနီးတစ်ဝိုက်တွင် ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့ပြီး ည ၉နာရီ ခွဲ ခန့်၌ ဒုတိယအကြိမ်ပေါက်ကွဲ ခဲ့သည်ဟု ဒေသခံများကပြောသည်။
"ဗုံးပေါက်တဲ့ နှစ်ကြိမ်မှာ ပထမ တစ်ကြိမ်က တော်တော်လေး အသံ ကျယ်တယ်။ထိခိုက်တာ ရှိ၊မရှိတော့ မသိရသေးဘူး " ဟုသာကေတ ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ရေတပ်စခန်းဝင်းအတွင်းရှိ စျေးတန်းအနီးပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိ မသိနိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"အခု ၉ နာရီခွဲ ကျော်ကျော်လောက်ကမင်းနန္ဒာလမ်းကနေ သဘော်ကျင်းဘက်ကို လာတဲ့ လမ်းမှာ စစ်ခွေး Faw ကားသုံးစီးနဲ့ သေနတ်နှစ်ချက် မိုးပေါ် ထောင်ဖောက်ခဲ့တယ်"ဟု ၎င်းကဆက် ပြောသည်။
ဗုံးပေါက်ကွဲမှုများကြောင့် သာကေ ရှုခင်းသာလမ်းမကြီး၊ ရေတပ်ဝင်းအနီး၌ စစ်ကောင်စီတပ်က ကားများ နှင့် စက်ဘီး များကို တား၍စစ်ဆေးမှု့များပြုလုပ်နေကြောင်းလည်း သာကေတသတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
အထက်ပါ ရေတပ်စခန်းသည် သာတေတမြို့နယ် (၄)တောင်ရပ်ကွက်အနီးတည်ရှိပြီး ဝန်ထမ်းအိမ်ရာနှင့်လိုင်းခန်းအများစုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သေ နတ် ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
People's Spring
No comments:
Post a Comment