နတ်တလင်းမှာ ရဲလက်ကထွက်ပြေးတဲ့ လူငယ်တဦးကို သေနတ်ပစ်ကာအကြမ်းဖက်ဖမ်းဆီး

ဓါတ်ပုံ- ပစ်ခတ်ဖမ်းဆီးခဲ့ရာသံဖြူဂိတ်အနီးတဝိုက်ကိုတွေ့ရစဥ် (ပုံဟောင်း)

နတ်တလင်း၊ ဖေဖေါ်ဝါရီ ၉၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့မှာ ဖေဖေါ်ဝါရီ ၈ ရက်မနေ့ညနေက ရဲလက်ကထွက်ပြေးသွားတဲ့ လူငယ်တဦးကို စစ်ကောင်စီနဲ့ လက်ပါးစေတွေက ပစ်ခတ်ရိုက်နှက်ကန်ကျောက်ကာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာက ကိုလိူင်ဝင်းထွန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

"လူငယ်တယောက်ကိုဖမ်းတာ လူငယ်လေးကထွက်ပြေးလို့ ပစ်တာစစ်ပွဲဖြစ်နေသလားအောင့်မေ့ရတယ် လူငယ်ကို သံဖြူရုံဂိတ်မှာမ်ိသွားတယ်။ သေနတ်ဒဏ်ရာလဲရတယ်ပြောတယ်ဝိုင်းရိုက်ကျတာတဲ့ လူငယ်လေးကမျော့မျော့ဘဲ ပြည်ဆေးရုံလဲ မပို့ဘူး။ ဆေးရုံလာဆေးထည့်ပြီးပြန်ခေါ်သွားတယ်။ တံခွန်တိုင်ရွာက လူငယ်လေး တံခွန်တိုင်ရွာမှာအသံတိတ်သပိတ်ကို လိုက်အော်တဲ့သူကိုပစ်တဲ့ သံသယနဲ့ ဖမ်းတာတဲ့ ဆိုင်ကယ်နဲ့ လိုက်ဖမ်းတဲ့ရဲလည်း သုံးဘီးဆိုင်ကယ်နဲ့တိုက်မိသွားတယ်။" လို့ မြို့ခံတဦးက ပြောပါတယ်။

သံဖြူရုံဂိတ်အနီးကနေရာမှာ စစ်ကောင်စီဒလန်သတင်းပေးတွေကပါ ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

"သံဖြူရုံဂိတ်အနီး ဒမငယ်ဘက်ကိုကွေ့တဲ့ နေရာမှာကလေးကို သေနတ်ပစ်ဖမ်းကြတာ စစ်ခွေးတွေ၊ ဒလန်တွေ၊ ရဲခွေးတွေကပါ ဝိုင်းဖမ်းတာ သေနတ်ဒင်တွေနဲ့ထု ကန်ကျောက်တာတွေပါလုပ်ကြတာ သွေးတွေလည်းရဲနေတာပဲ သေနတ်ဒဏ်ရာက လည်းများတယ်။" လို့ မြို့ခံတဦးက ပြောပါတယ်။

နတ်တလင်းမြို့ နတ်စစ်သည်အဖွဲ့ကတော့ တံခွန်တိုင်က အသံတိတ်သပိတ်မှာ မပါဝင်ဖို့ လော်နဲ့လိုက်အော်တဲ့သူကိုပစ်ခတ်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားပါတယ်။


မြေလတ်အသံ - Myaelatt Athan 

နတ်တလင်းမှာ ရဲလက်ကထွက်ပြေးတဲ့ လူငယ်တဦးကို သေနတ်ပစ်ကာအကြမ်းဖက်ဖမ်းဆီး နတ်တလင်းမှာ ရဲလက်ကထွက်ပြေးတဲ့ လူငယ်တဦးကို သေနတ်ပစ်ကာအကြမ်းဖက်ဖမ်းဆီး Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.