ရှားလှရွာတိုက်ပွဲတွင် စကစ လက်ပါးစေ ၉ ဦးသေ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ဆေးခန်းနှင့် ဆေးဝါးများ ဖျက်ဆီးခံရ

ဓာတ်ပုံ- ဖျက်ဆီးခံရသည့် ဆေးခန်းနှင့်ဆေးဝါးကုသရေးပစ္စည်းများ

ဆိပ်ဖြူ၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အ ကြား ဖေဖော်ဝါရီ ၂ ရက်မှ  ၄ ရက်နေ့အထိ တိုက်ပွဲတွင် ပြည်သူ့စွမ်းအားတပ်ပေါင်းစု၏ ဆေးခန်းနှင့်ဆေးဝါးကုသရေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည် သူ့စွမ်းအားတပ်ပေါင်းစုက ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ရှားလှရွာကို လက်နက်ကြီး အချက် (၃၀) ခန့် ပစ်ခတ်ခဲ့ရာ တစ်ရက်လျှင် လူနာ ၁၀၀ ခန့် အခမဲ့ကု သပေးနေသည့် ဆေးခန်းနှင့် ပြည်သူ့စွမ်းအားတပ်ပေါင်းစု၏ ဆေးခန်းနှင့်ဆေးဝါးကုသရေးပစ္စည်းများ အပါအဝင် ဆိုင်ကယ် (၁၅) စီးခန့် မီးရှို့ဖျက် ဆီးခံရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူ့စွမ်းအားတပ်ပေါင်းစု တပ်စခန်းရှိသို့လာရောက်စဉ် မိုင်း ၄ လုံး ထိပြီး လက်ပါးစေ ၆  ဦး သေဆုံးကြောင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု၏ လက်နက်ထုတ်လုပ်ရေးဖက်သို့ သွားရာလမ်းတွင်လည်း မိုင်း ၂ လုံး မိပြီး စစ်ကောင်စီလက်ပါးစေ ၃ ဦး စုစုပေါင်း (၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့စွမ်းအားတပ်ပေါင်းစုတပ်စခန်းကိုမူ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာကွယ်နိုင်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း၊ ဆေးကုသမှု ခံယူနေရသည့် စစ်ရှောင်လူနာ ၁၅ ဦး နှင့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးနိုင်ရန် သင်တန်းတက်ရောက်နေသည့် သင်တန်းသား ၇၀ ဦးကို စစ်ဘေးလွတ်ရာသို့ ဘေးကင်းစွာပို့ဆောင်နိုင်ခဲ့ကြောင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။


Lu Nge Khit

ရှားလှရွာတိုက်ပွဲတွင် စကစ လက်ပါးစေ ၉ ဦးသေ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ဆေးခန်းနှင့် ဆေးဝါးများ ဖျက်ဆီးခံရ ရှားလှရွာတိုက်ပွဲတွင် စကစ လက်ပါးစေ ၉ ဦးသေ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ဆေးခန်းနှင့် ဆေးဝါးများ ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.