ရွှေကူမြို့မရဲစခန်းအနီး ပစ်ခတ်မူဖြစ်ပွားနေ

Photo- crd

February 6,2022

ယနေ့ည ၉နုရီဝန်းကျင်ချိန်မှစကာ ‌ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ရွှေကူမြို့မရဲစခန်းအနီး လက်နက်ကြီးသံ သေနတ်သံများဖြင့် ပစ်ခတ်မူဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

" ရဲစခန်းကိုလာပစ်‌နေတာလက်နက်ကြီး ၁၀ချက်ကျော်ပီပစ်နေတုန်း ဒီတိုင်းလာလာပစ်နေတဲ့သဘောပဲ ဒီနေ့က ပစ်ချက်များတယ် နားလိုက်ပစ်လိုက်ဘဲ " ဟု ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ရွှေကူမြို့မှရဲစခန်းပစ်ခံရသည်မှာ ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။ 

ပစ်ခံရမူ ပထမအကြိမ်သည် ဖေဖော်ဝါရီလ ၂ရက်နေ့ညတွင်ဖြစ်ပြီး ယနေ့ည ပစ်ခံရခြင်းသည် ဒုတိယအကြိမ်ရှိပြီဖြစ်သည်။

" ပစ်ခံရတာ နှစ်ကြိမ်ရှိပြီ အဲရဲစခန်းပထမအကြိမ်ပစ်ခံရတဲ့နောက်ရက်ကနေစပြီး စစ်သားတွေရော အင်အားလာထပ်ဖြည့်ထားတယ် ခုလောလောဆယ်တော့ ထိခိုက်မူအခြေနေ မသိရသေးဘူး" လို့ ဒေသခံတစ်ဦးက‌ပြောသည်။


Kachin News Group 

ရွှေကူမြို့မရဲစခန်းအနီး ပစ်ခတ်မူဖြစ်ပွားနေ ရွှေကူမြို့မရဲစခန်းအနီး ပစ်ခတ်မူဖြစ်ပွားနေ Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.