ကသာမြို့နယ် နမ့်စမ်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်မှ သေဆုံးမှုများ
ဖေဖော်ဝါရီလ ၆ ရက် ၊ ၂၀၂၂ ခုနှစ် ။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ် နမ့်စမ်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ နံနက် ၉ နာရီကျော်အချိန်၌ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီသည် ဝေပေါင်တောဖက်မှ နမ့်စမ်းဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် နမ့်စမ်းရွာနားအရောက်တွင် ဒေသကာကွယ်ရေး ပူးပေါင်း PDF တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် အများအပြား ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နမ့်စမ်းရွာရှိ သရက်ခြံနှင့် လယ်ပြင်စပ်တောတွင်းမှနေရာယူကာ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကျေးရွာနေဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း အသာစီးရယူကာ လက်နက်ကြီး လက်နက်ငယ်အစုံဖြင့် အဆက်မပြတ် ထိုးစစ်ဆင်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာကာ ရဟတ်ယာဥ်ပျံသန်းမှုများ ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မှ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ၁နာရီ မိနစ် ၂၀ ခန့်တွင်လည်း နမ့်စမ်းရွာအနီးတွင် အလားတူတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အကျအဆုံးများသည့်အပြင် အများအပြားဒဏ်ရာရခဲ့သည်။
ထိုတိုက်ပွဲ၌ ဒေသကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးအစထိမှန်ခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု မြို့လှPDFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment