ဘိုကလေးမြို့ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ဆရာမ မေပွင့်ဖြူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွဲဆိုထား
ဘိုကလေး ၊ဖေဖဝါရီ ၂ ရက်
ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ် ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ဆရာမ မေပွင့်ဖြူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့် ၅၂(က) နှင့် ၅၀(ည) တို့ဖြင့်် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
မဂ္ဂင်ဘုန်းတော်ကြီးပညာသင်ကျောင်းတွင် ခလေးငယ်များအား စာသင်ကြားပေးနေစဉ် ဆရာမ မမေပွင့်ဖြူအား စာသင်ခန်းအတွင်း ဇန်နဝါရီ၂၅ ရက်နေ့ နေ့လည်က စစ်ကောင်စီနယ်မြေခံတပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက်ယမန်နေ့က တရားရုံးတွင်ရုံးတင်အမှုဖွင့်တရားစွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
" မနေ့က တရားရုံးထုတ်လာပြီး တရားစွဲတော့မှ အကြမ်းဖက် ဥပဒေတွေနဲ့ တရားစွဲတာမှန်းသိရတယ်ဗျာ။ ဖုန်းထဲက အချက်အလက်တွေနဲ့စွဲခဲ့တာလို့ပြောတယ်။ ဘိုကလေးမြို့မှာတော့ အကြမ်းဖက်ဥပဒေပုဒ်မတွေထဲနဲ့တရားစွဲခံရတာ ဆရာမ မေပွင့်ဖြူ ပထမပါပဲ"ဟု တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
ဗျူဟာမှူးအောင်နိုင်ထွန်း၊ တပ်ဖွဲ့မှူးအောင်ဇော်သင်း တို့ဦးစီးသောတပ်ဖွဲ့မှ ဆရာမမေပွင့်ဖြူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ယခုကဲ့သို့အကြမ်းဖက်ဥပဒေ ၅၂ က/၅၀ ညတို့ဖြင့်အမှု့ဖွင့်တရားစွဲခဲ့ကြောင်းသိရသည်။.
ဘိုကလေးမြို့တွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၅၀၅ ပုဒ်မများနှင့်သာ တရားစွဲခြင်းများရှိခဲ့ပြီးဆရာမမေပွင့်ဖြူတဦးတည်းကိုသာပထမဆုံးအကြမ်းဖက်ဥပဒေများနှင့်အမှုဖွင့်တရားစွဲခဲ့ကြောင်းသိရသည်။
Ayeyarwaddy Times
No comments:
Post a Comment