ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ၂၀၂၂
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေးလှည့်ကင်းကားနောက်က ဆိုင်ကယ်စီးလာသူနှစ်ဦးကိုစစ်တပ်ပစ်ခတ်ခဲ့ရာ တစ်ဦးသေပြီးတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် အာဂမ ၂ လမ်းထိပ်မှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က လှည့်ကင်းကားနောက်မှ ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ် ။
"ကားနောက်က ဆိုင်ကယ်က လိုက်လာတာ အဲ့ဒါကို သေနတ်ချိန်ပြီး ပစ်တာ အရှေမှာမောင်းတဲ့ကောင်လေးက ပွဲချင်းပြီးပဲ အနောက်ကစီးလာတဲ့ကောင်လေးကိုလည်း ဖမ်းသွားတယ်"ဟု ပြောပါတယ်။
သေဆုံးသူမှာ ကိုဇော်ဇော်အောင်ဆိုသူဖြစ်ပြီး တိုက်ကြီးမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူမှာ စုံစမ်းနေဆဲဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သေနတ်ဖြင့်ပစ်ခတ်သေဆုံးတဲ့ အကြောင်းအရာနဲ့ပါတ်သတ်ပြီး စစ်တပ်က ဆိုင်ကယ်ရပ်ခိုင်းရာ ရပ်မပေးတာကြောင့် ပစ်ခတ်ရခြင်းဖြစ်တယ်လို့ သတင်းလွှင့်ထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Salween Press
No comments:
Post a Comment