မန္တလေး ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီးသေ

ဓာတ်ပုံ၊ ပေးပို့ 

ဖေဖော်ဝါရီ - ၃ 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦးသည် ယနေ့မွန်းလွဲပိုင်း၌ သေနတ်ဖြင့် သုံးချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

အသက် (၇၀) ဝန်းကျင်အရွယ် ဦးစံလှိုင်သည် ၈၈ လမ်း၊ (၈×၉) လမ်းကြားရှိ သမီးဖြစ်သူ၏ နေအိမ်ရှေ့ ဈေးဆိုင်တွင် ထိုင်နေစဉ် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဘယ်ဘက်ရင်အုံနှင့် ပါးတို့တွင် ကျည်ပေါက်ဒဏ်ရာ နှစ်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းမှ သိရသည်။ 

ဦးစံလှိုင်သည် ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ ပြုလုပ်ကာ ဆက်ကြေးကောက်၍ ဒလန်လုပ်နေသူဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။ 

ထိုဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်မှန်း မသိရသေးပါ။ 

မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ပတ်သက်နှီးနွယ်နေသည့် သတင်းပေး ဒလန်များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များကို မြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းလေ့ ရှိသည်။ 


Mandalay Free Press - MFP

မန္တလေး ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီးသေ မန္တလေး ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီးသေ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.