မုံရွာ၊ ဖေဖော်ဝါရီ၉၊ ၂၀၂၂။
မုံရွာမြို့မှာ မနေ့ကမနက် ၁၀နာရီဝန်းကျင်လောက်က စစ်ကောင်စီရဲ့လက်ထောက် သတင်းပေးနိုင်ကြီးဆိုသူ လက်ဖက်ရည်ဆိုင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့၊ ဗိုလ်တေဇလမ်း၊ လမ်းသွယ်၁၃(ဂေါ်သဇင်လမ်း)တွင်းရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်းပစ်ခတ်ခဲ့တာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ACF Monywa အဖွဲ့ဆီက သိရပါတယ်။
သေဆုံးသွားတဲ့ နိုင်ကြီးဆိုတဲ့ အမျိုးသားဟာ သတင်းပေးဒလံဆိုတဲ့ အဆင့်ထက်ပိုပြီး အရေးပါတဲ့ သူဖြစ်ပြီးတော့ တော်လှန်ရေးလုပ်နေတဲ့ သူတွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်နေသူတဦးလည်းဖြစ်တယ်လို့ ACF Monywa အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
" ညဖက်တွေဆို စကစတွေကိုကားမောင်းပြီးလိုက်ပို့ပေးပါတယ်၊ သူကိုယ်တိုင်ကလည်း သတင်းအတိကြရဖို့ နည်းမျိူးစုံနဲ့စုံစမ်းရေးအမြဲဝင်နေတယ်လို့အတိအကျသိရတယ်၊ နောက်ပြီးစုံစမ်းရသလောက်အတိအကျရတဲ့သတင်းက သူဆီမှာစကစပေးထားတဲ့ အတိုတစ်လက်ရှိတယ်လို့လည်းသိရတယ်၊ ပျူအဖွဲ့တွေကိုအဓိကပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေသူပါကျွန်တော်တို့အနေနဲ့စောင့်ကြည့်နေခဲ့တာကြာပါပြီ" လို့ ပြောပါတယ်။
သေဆုံးသူ နိုင်ကြီးကြောင့် ဖမ်းဆီးခံရသူအများအပြားရှိခဲ့ပြီး ၎င်းနေထိုင်တဲ့ နေအိမ်ပတ်ဝန်းကျင်မှာလည်း ပျူစောထီးတွေကင်းပုန်းဝပ်ပေးနေတာမျိုးရှိတယ်လို့ ပြောပါတယ်။
" နိုင်ကြီးကိုသတ်ပြီးအပြန်မှာ နိုင်ကြီးဘေနားထိုင်နေတဲ့ကောင်ကပြေးပြီးပြောတယ် အမရေ အမရေ အမယောကျ်ားတော့သေပြီလို့ ပြောလိုက်တဲ့အချိန်မှာ သူမိန်းမက အဘရေ အဘရေ အဘလူတော့ လုပ်ကြံခံလိုက်ရပြီလို့ သူမိန်းမ အော်ပြောတဲ့အသံကို ပတ်ဝန်းကျင်ကျားတယ်လို့လဲသိရှိရပါတယ်" လို့ ပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment