ပုသိမ်မြို့မှာ ရဲနဲ့ကညနပေါင်းပြီးဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဆိုင်ကယ်တွေကို ရောင်းစားနေ
ပုသိမ်၊ ဖေဖော်ဝါရီ ၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင့်မှုကြောင့် ဆိုင်ကယ်နဲ့အတူဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ဆိုင်ကယ်တွေကို ရဲနဲ့ကညနပေါင်းပြီးလိုင်စင်၀င်ကာရောင်းစားနေတယ်လို့ ကညနရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ သိရပါတယ်။
"လိုင်စင်တစ်ခါ၀င်ရင် ၁၀စီးလောက်လာ၀င်တယ်။ ကညနရုံးကို ရဲတွေကိုယ်တိုင်အရပ်၀တ်တွေနဲ့စီးလာတာ ပြီးရင်ပွဲစားကတစ်ဆင့်ရောင်းစားနေတာ။ ရဲနဲ့ကညန ဝေစားနေကြတာ"လို့ ကညနရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့၀င် အချို့ကလဲ မတရားဖမ်းဆီးခံပြည်သူတွေရဲ့ ဆိုင်ကယ်အချို့ကို ရရာဈေးနဲ့ ပွဲစားတွေကိုရောင်းစားနေတာမျိုးတွေရှိနေတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
"နိုင်ငံရေးတစ်ခုခုအကြောင်းပြပြီးဖမ်းလိုက်ပြီဆိုရင် ပိုက်ဆံနဲ့အရင်လိုက်ညှိပေးလို့ပြန်လွတ်ရင်တောင် ဖမ်းတုန်းကဆိုင်ကယ်နဲ့ဖုန်းတို့က ပြန်ရဖို့မလွယ်တော့ဘူး။ သူတို့ကဟိုကသိမ်းသလိုဒီကသိမ်းသလိုနဲ့ပြန်မရတာများတယ်"လို့ သူကပြောပါတယ်။
ပုသိမ်မြို့နယ်က မြို့မနဲ့ နယ်မြေရဲစခန်းနှစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့်မတရားဖမ်းဆီးခံ ပြည်သူများ၏ ဆိုင်ကယ်အစီးရေ ၁၀၀ ဝန်းကျန်ခန့်ရှိနေကြောင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment